Google Cloud က စီစဥ်တဲ့ ဒီ [Youtube Talk](https://www.youtube.com/watch?v=cZgTavxWO2k) ကို နားထောင်ရင်း နားလည်သမျှကို မြန်မာလို note ပြန်ထုတ်ထားခြင်း ဖြစ်ပါတယ်။ Cost Optimization လို့ စဥ်းစားရင် Query Processing နဲ့ Storage အတွက် ဆိုပြီး ၂ ပိုင်း ခွဲပြီး စဥ်းစားသင့်တယ်။ ### Query Processing - On-demand နဲ့ Flat-rate pricing ဆိုပြီး ၂ မျိုး ရှိတယ်။ - သာမန်အားဖြင့်တော့ On demand ကို default သုံးကြတယ်။ Flat-rate ကကျတော့ Google နဲ့ စာချုပ်ချုပ်ပြီး company တစ်ခုလုံးအတွက် သုံးတာမျိုး။ - On-demand (သုံးသလောက်ပေး စနစ်) အတွက် ငွေ ဖြတ်တဲ့နှုန်းကတော့ အောက်ပါတိုင်း ဖြစ်ပါတယ်။ လတိုင်းမှာတော့ 1TB အခမဲ့ ရတယ်။ အဲဒီ ပမာဏထက် ကျော်လွန်သွားရင်တော့ TB အလိုက် ၊ Region အလိုက် ပိုက်ဆံ ပေးရမှာပါ။ ![[Pasted image 20250304175055.png]] - Query optimizing အတွက်က အကြမ်းဖျဥ်း ဒီ အချက်တွေ ထည့်စဥ်းစားဖို့ လိုပါမယ်။ - လိုအပ်တဲ့ ဒေတာ columns တွေကိုပဲ ရယူပါ ။ `SELECT *` ကို မလိုအပ်ပဲ မသုံးပါနဲ့။ - BigQuery Setting ထဲကနေ Cost Control setting ကို ဖွင့်ထားပါ။ - ဒေတာအတွက် Partitioning / Clustering နည်းလမ်းများကို မှန်ကန်စွာ အသုံးချပါ။ - မိမိ ရဲ့ BigQuery processing cost က USD $XXk (ဒေါ်လာ သောင်း/သိန်း ကျော်နေပါက) Flat-rate pricing ကို ပြောင်းလဲ အသုံးပြုပါ။ ### Optimizing Storage - Data Retention - BigQuery ထဲမှာ create လိုက်တဲ့ ဒေတာ table တွေကို အချိန် ဘယ်လို ကြာကြာ သိမ်းဆည်းမလဲ။ အဲဒီအတွက် Dataset create လုပ်တဲ့အဆင့်မှာ expired date ရွေးလို့ ရပါတယ်။ - အကယ်ရွေ့ ကိုယ့်ရဲ့ data table (သို့မဟုတ်) partition က ရက် ၉၀ အထိ လုံးဝ edit မပြုလုပ်တော့ဘူးဆိုရင်တော့ storage price ကို 50% လျှော့ချပေးပါတယ်။ - ဒါကြောင့် ဘယ်လို Activity တွေ (ဥပမာ - BigQuery ထဲကို loading , DML) - Storage Pricing - ![[Pasted image 20250304184125.png]] - GCP ရဲ့ မတူညီတဲ့ cloud services တွေထဲမှာ Data copies တွေ duplicates ဖြစ်နေတာကို လျှော့ချပါ။ - Streaming inserts - what's that?? :D - Backup & Recovery - ၇ ရက်အတွင်း ဒေတာတွေကို ပြန် read လို့ ရသေးတယ်။ - Use below query : ```sql SELECT x,y FROM dataset.table FOR SYSTEM_TIME AS OF TIMESTAMP_SUB(CURRENT_TIMESTAMP() , INTERVAL 3 DAY) ```