- dbt မှာ ==flags== (သို့ ) ==global configs== လို့ ခေါ်တဲ့ configuration တွေက dbt ဘယ်လို run သလဲဆိုတဲ့ အပေါ် ထပ်ဆင့် fine-tuning လုပ်တဲ့ နေရာမှာ အသုံးပြုပါတယ်။
## Flags ကြေညာနည်း
- လက်ရှိ project တစ်ခုလုံးမှာ ယေဘုယျ သက်ဆိုင်တဲ့ flags တွေကို [[4.dbt_YAML_configs#dbt_project.yml|dbt_project.yml]] ထဲမှာ ကြေညာလို့ ရတယ်။
- Environment Variables အနေနဲ့လဲ ကြေညာလို့ ရတယ်။ ဥပမာ - dev vs prod vs ci_cd environments အကြား မတူညီတဲ့ behaviors ကို မတူညီတဲ့ users တွေအတွက် သီးခြားသတ်မှတ်မို့အတွက် မတူညီတဲ့ runtime environments (ဥပမာ - Github Action or Docker or Linux Instance) တွေမှာ env var အနေနဲ့ ကြေညာတာမျိုး ပါ။
- dbt command တွေကို run တဲ့ CLI option အနေနဲ့လဲ ကြေညာလို့ ရပါတယ်။ dbt command အားလုံးနဲ့ တွဲဖတ် အသုံးပြုနိုင်ပါတယ်။
- flags ရှာဖွေမှု အစဥ်လိုက်ကတော့ အသေးစိတ် အကျဆုံး setting က ဦးစားပေးဆုံး ဖြစ်ပါတယ်။ (အခြား ရှာဖွေမှု အစဥ်တွေနဲ့ ကွာနိုင်ပါတယ်။ ဒါကြောင့် မျက်စိ မရှုပ်အောင် နံပါတ်စဥ် တပ်မထားတာပါ။)
- အကယ်ရွေ့ တူညီတဲ့ flag တစ်ခုထဲကို အထက်မှာ ဖော်ပြထားတဲ့ ၃ နေရာစလုံးမှာ ကြေညာမယ် ဆိုရင်
- CLI option ကို အရင်ဆုံး ဦးစားပေးပါမယ်
- ပြီးတော့မှ environment variable ကို ဦးစားပေးမယ်။
- နောက်ဆုံးကျမှ [[4.dbt_YAML_configs#dbt_project.yml|dbt_project.yml]] ကို ဦးစားပေးပါမယ်။
- အကယ်ရွေ့ အဲဒီ ၃ နေရာစလုံးမှာ flags မကြေညာခဲ့ဖူး ဆိုရင်တော့ dbt ရဲ့ default သတ်မှတ်ထားတဲ့ တန်ဖိုး ကို သုံးပါမယ်။
## ကြေညာပုံ ဥပမာ
- [[4.dbt_YAML_configs#dbt_project.yml|dbt_project.yml]] မှာ ကြေညာပုံ
```yml
# dbt_project.yml
flags:
# set default for running this project -- anywhere, anytime, by anyone
fail_fast: true
```
- Environment Variable အဖြစ် MacOS or Linux မှာ ကြေညာပုံ
```console
# set this environment variable to 'True' (bash syntax)
export DBT_FAIL_FAST=1
dbt run
```
- CLI command တွင် ကြေညာပုံ
```console
dbt run --fail-fast # set to True for this specific invocation
dbt run --no-fail-fast # set to False
```