### Variable Precedence - အရေးပါမှု အစဥ် `--vars` command line argument အနေနဲ့ ကြေညာလိုက်တဲ့ variables တွေက `dbt_project.yml` ထဲမှာ ကြေညာထားတဲ့ variables တွေကို override ပြုလုပ်နိုင်ပါတယ်။ ဒီ command line - `--vars` တွေက Globally Scope ဖြစ်ပြီးတော့ root project တစ်ခုလုံး နဲ့ install ပြုလုပ်ထားတဲ့ packages တွေ အားလုံးကနေ လှမ်းယူအသုံးပြုနိုင်ပါတယ်။ Variable တွေရဲ့ အရေးပါမှု အစဥ်ကို အောက်ပါအတိုင်း စီနိုင်ပါတယ် ။ (အရေးကြီးဆုံးက အရင်ဆုံး ရေးထားပါတယ်။) 1. command line မှာ `--vars` နဲ့ ကြေညာထားတဲ့ variable များ 2. `dbt_project.yml` ထဲမှာ package-scoped level ကြေညာထားတဲ့ variables များ 3. `dbt_project.yml` ထဲမှာ global level ကြေညာထားတဲ့ variable များ 4. Installed ပြုလုပ်ထားတဲ့ Package (aka dbt module) ရဲ့ `dbt_project.yml` မှာ ကြေညာထားတဲ့ variable များ 5. Default Argument အနေနဲ့ သုံးထားတဲ့ variable များ - အကယ်ရွေ့ dbt အနေနဲ့ ဖြစ်နိုင်ချေ ရှိတဲ့ နေရာတွေ အားလုံးမှာ variable ကို လိုက်ရှာလို့ မတွေ့ခဲ့ရင်တော့ Compilation Error ပြမှာ ဖြစ်ပါတယ်။