## dbt Setup with Jaffle Shop Project - dbt ကို စလေ့လာတဲ့အချိန်မှာ Official Documentation မှာ ဥပမာအနေနဲ့ သုံးလေ့ ရှိတဲ့ jaffle shop project ကို local မှာ clone ပြီး စလေ့လာရင် အလွယ်ဆုံး ဖြစ်ပါလိမ့်မယ်။ ဒီ project ကို အလွယ်တကူ စတင်နိုင်ဖို့ ready-made project repo တွေကိုလဲ github မှာ ရှာတွေ့နိုင်ပါတယ်။ - Example repos - [Link1](https://github.com/pipelinetoinsights/dbt-example) , [Link2](https://github.com/josephmachado/simple_dbt_project) - ဒီ Learning Path series အတွက်ကိုလဲ dbt Team ကနေ ထုတ်ပေးထားတဲ့ [jaffle_shop_duckdb](https://github.com/dbt-labs/jaffle_shop_duckdb) repo ကို အဓိက အသုံးပြုပါမယ်။ ## Using Dev Container - တဆင့်ချင်းဆီ ပြုလုပ်ပုံတွေကို README ဖိုင် ရဲ့ [Running this project](https://github.com/dbt-labs/jaffle_shop_duckdb?tab=readme-ov-file#running-this-project) အပိုင်းမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။ - Dev Container အသုံးပြုရခြင်းရဲ့ ရည်ရွယ်ချက်က ဒီသင်ခန်းစာတွေကို လိုက်ပါလုပ်ဆောင်တဲ့အချိန်မှာ command တွေ run ရတဲ့ ပုံစံ ကွာခြားနေနိုင်တဲ့ Window/Mac/Linux user တွေအားလုံးကို Docker Container (Linux environment) မှာ ပုံစံတူ လိုက်ပါလုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။ - ကိုယ့်စက်ထဲမှာ Docker နဲ့ VS Code - Dev Container extension ကို install လုပ်ပြီးပြီ ဆိုရင် `git clone` command ကို အသုံးပြုပြီး repo ကို မိမိ စက်ထဲကို clone (download) ပြုလုပ်ပါ။ - installation အဆင်ပြေတယ် ဆိုရင် clone ပြုလုပ်ထားတဲ့ repo ကို VS Code မှာ ဖွင့်တဲ့အခါ "Reopen in Container" ဆိုတဲ့ notification ကို တွေ့ ရပါလိမ့်မယ်။ အဲဒါကို click လိုက်မယ် ဆိုရင် အလိုအလျောက် လိုအပ်တဲ့ Docker setup တွေ ၊ installation တွေကို ပြုလုပ်သွားပါလိမ့်မယ်။ ပထမဆုံးအကြိမ် ဖွင့်တာမျိုး ဆိုရင်တော့ အချိန် မိနစ်တော်တော်ကြာကြာ စောင့်ရပါလိမ့်မယ်။ ![[Pasted image 20251011151746.png|400]] - Logs ကို နှိပ်ကြည့်မယ်ဆိုရင် ဒီလိုပုံစံမျိုး port-forwarding လုပ်နေတဲ့ message တွေ တွေ့ရရင် Setup က အဆင်ပြေနေပါပြီ ။ ![[Pasted image 20251011151955.png|450]] - VS Code > Terminal >> New Terminal ကို ဖွင့်ကြည့်ပြီး တွေ့ရမယ့် `bash` terminal ထဲမှာ ဒီ command တွေကို ရိုက်ထည့်ကြည့်ပြီး Dev Container ထဲမှာ run နေတာ ဟုတ်၊မဟုတ် စစ်ဆေးကြည့်လို့ ရပါတယ်။ - `pwd` , `hostname` , `whoami` , etc ![[Pasted image 20251011152509.png|450]] - dbt နဲ့ Python version တွေကိုလဲ စစ်ဆေးကြည့်လို့ ရပါတယ်။ ```cli $ dbt --version $ python --version ```