Graph Object က dbt Jinja (macro) ထဲမှာ ခေါ်သုံးလို့ ရတဲ့ runtime context variable တစ်ခု ဖြစ်တယ်။ Dictionary data type ပုံစံနဲ့ node ID တွေကို ၎င်းတို့ရဲ့ metadata (သို့) configuration တွေကို mapping ပြုလုပ်ထားပါတယ်။ ဒီ Object က dbt က project parsing အဆင့်မှာကတည်းက စတည်ဆောက်တာဖြစ်တဲ့အတွက် မပြည့်စုံတဲ့ အခြေအနေမျိုးတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် ဒီ object ကို dbt macro script တွေထဲမှာ အသုံးပြုတဲ့အခါကျရင် execute flag လိုမျိုးနဲ့ တွဲသုံးသင့်တယ်။