Ref - https://www.cio.com/article/190941/what-is-data-architecture-a-framework-for-managing-data.html Data Architecture ဆိုတာ ဘာလဲ နဲ့ ပတ်သတ်ပြီး အတော်လေး ပြည့်ပြည့်စုံစုံ ရှင်းရှင်းလင်းလင်း ရေးထားတဲ့ article ဖြစ်တာမို့ တတ်သိသလောက် ဘာသာပြန်ရေးဖြစ်ပါတယ်။ # Data Architecture Principles 1. Data ဆိုတာက မျှဝေအသုံးပြုရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ # Data Architecture components Modern Data Architecture တစ်ခုမှ အောက်ဖော်ပြပါ အရာများ ပါဝင်ဖို့ လိုပါတယ် - Data Pipelines - ဒေတာတွေအတွက် ဘယ်လိုပုံစံ စုဆောင်းမယ် ၊ မျှဝေမယ် ၊ ပြုပြင်မယ် ၊ အသုံးချမယ် စတဲ့ အဆင့်တွေပါဝင်တဲ့ process တစ်ခုလုံးကို data pipeline လို့ ခေါ်ပါတယ်။ ဒီထဲမှာ Data Collection , Refinement, Storage, Analysis and Delivery (Reporting) တွေ ပါဝင်ပါတယ်။ - Cloud Storage - Data Architectures တိုင်း အားလုံးမှာတော့ cloud storage သုံးတယ် လို့ မဆိုလိုပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်း Modern Data Architectures တွေ တော်တော်များများမှာတော့ public, private, hybrid cloud တွေကို အသုံးချလာကြပါတယ်။ (မှတ်ချက် - Cloud storage/computing စျေးနှုန်းတွေ ကျဆင်းလာတာကြောင့်လဲ ပါမယ်)