### Implicit vs Explicit JOINs - Implicit JOIN ဆိုတာက WHERE statement ပေါ်ပဲ လုံးလုံး မူတည်ပြီး join condition တွေကို ပြုလုပ်တာမျိုးကို ဆိုလိုပါတယ်။ အလွယ်မှတ်မယ် ဆိုရင်တော့ JOIN statement ကို လုံးဝ မသုံးပါဘူး။ - Implicit JOIN ကို အောက်ပါ ပုံစံအတိုင်း နမူနာ ကြည့်နိုင်ပါတယ်။ ```sql SELECT col_names FROM table1, table2 WHERE table1.col_name = table2.col_name ``` - Explicit JOIN ကတော့ ပုံမှန် အသုံးများတဲ့ JOIN statement ကို အသုံးပြုပြီး ပြုလုပ်တာမျိုးပါ။ ဥပမာ အနေနဲ့ ```sql SELECT col_names FROM table1 JOIN table2 ON table1.col_name = table2.col_name ``` - ဒီ ၂ ခု အကြားမှာ performance ကွာခြားမှု မရှိပေမယ့် Explicit JOIN ကိုတော့ standard အနေနဲ့ အသုံးပြုသင့်ပါတယ်။ အရမ်း ရှုပ်ထွေးတဲ့ query တွေမှာ Implicit ပုံစံ ရေးရရင် နားလည်မှု လွဲမှားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။