Python exception တွေကို အသုံးချဖို့အတွက် Exception classes တွေကို နားလည်ဖို့ လိုပါတယ်။ အဲဒီထဲမှာမှ အရေးကြီးဆုံး ၊ အဓိက အကျဆုံး အသက်သွေးကြော Exception Class ၂ မျိုး ရှိပါတယ်။ BaseException နဲ့ Exception Class တွေ ဖြစ်ပါတယ်။ ### BaseException Class - Python မှာ ရှိတဲ့ exception အားလုံး ရဲ့ base class ဖြစ်ပါတယ်။ - BaseExceptions တွေက များသောအားဖြင့် အရေးကြီးတဲ့ ထူးခြားတဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပါတယ်။ (အလွယ်အားဖြင့် system control နဲ့ ပတ်သတ်တာမျိုးတွေပါ) - ဒါကြောင့် မှားယွင်းပီး အသုံးပြုမိရင် program shutdown ဖြစ်တာမျိုးတွေ ၊ တနေရာရာ ချို့ယွင်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ - BaseException ကနေ inheriting လုပ်ထားတဲ့ Example Exceptions တွေကတော့ - KeyboardInterrupt - SystemExit - GeneratorExist ### Exception Class - user က ကြေညာထားတဲ့ exceptions တွေ နဲ့ Python မှာ built-in ပါတဲ့ exceptions တွေ အားလုံးနီးပါးရဲ့ base class ဖြစ်ပါတယ်။ System (သို့) Interpreter နဲ့ ဘာမှ မသက်ဆိုင်တဲ့ exception တွေ အတွက် ပါ။ - user က custom အသုံးပြု ကြေညာချင်တဲ့ exceptions တွေအားလုံးက Exception Class ကနေ inherit ပြုလုပ်ရပါမယ်။ ([PEP-8](https://peps.python.org/pep-0008/) မှာ recommand ပြုလုပ်ထားပါတယ်။) # Handling Exceptions - Use `try - except - finally` block. ## Raising Exceptions - Use `raise <ExceptionName>` block.