# Variables in Go
- Go မှာ variables တွေကို ရေးတဲ့အခါမှာ အစ စာလုံး Capitalize ဖြစ်တာ/မဖြစ်တာပေါ်မူတည်ပြီး exported ဖြစ်/မဖြစ် ဆုံးဖြတ်တာလေး သဘောကျတယ်။
- Export ဖြစ်မှ အခြား code files တွေကနေ လှမ်းပြီး Import လုပ်လို့ ရမယ်။
- Variables တွေကို ကြေညာပြီး မသုံးရင် Error တက်တယ်။ Function လဲ အတူတူပဲ။ ကြေညာပြီးရင် သုံးမှ ရမယ်။
- Variable ကြေညာချိန်မှာ `=` sign ကို declared လုပ်ပြီး ဖြစ်စေ၊မလုပ်ရသေးသည်ဖြစ်စေ `var` နဲ့ တွဲသုံးတဲ့ variable အတွက် တန်ဖိုးကို assign ချရမှာ အသုံးပြုပါတယ်။ ဥပမာ - `var name string = "Paing"`
- ဒါပေမယ့် `:=` sign ကိုတော့ variable ကို ပထမဆုံးအကြိမ် initialize & declare (data type ကြေညာစရာ မလို ၊ `var` ပါဝင်စရာမလိုပဲ ) လုပ်ရာမှာ အသုံးပြုပါတယ်။ ဥပမာ - `name := "Paing"`
- constant value တွေ သတ်မှတ်ဖို့အတွက် `var` keyword အစား `constant` keyword ကို အစားထိုး အသုံးပြုလို့ ရတယ်။ အဲဒါဆိုရင်တော့ ကြေညာပြီးတဲ့နောက်ပိုင်းမှာ တန်ဖိုးကို ပြန်ပြောင်းလို့ မရတော့ဘူး။